Friday, November 18, 2016

WEDNESDAY, FEBRUARY 24, 2016 လ ရဲ့ အမှောင်ဘက်ခြမ်း မှ ထူးဆန်း တဲ့ ဂီတသံစဉ်

WEDNESDAY, FEBRUARY 24, 2016
လ ရဲ့ အမှောင်ဘက်ခြမ်း မှ ထူးဆန်း တဲ့ ဂီတသံစဉ်

ဂီတသံ ကို အာကာသ ယာဉ်မှူးတွေ လ ရဲ့အမှောင်ဘက်ခြမ်း ကို ဖြတ်သန်းနေခဲ့စဉ် အတွင်း တစ်ချိန်လုံး ကြားခဲ့ရတာ ဖြစ်ပါတယ် ။

၁၉၆၉ ခုနှစ် က အပိုလို ၁၀ အာကာသ ခရီးစဉ်ဖြင့် လ အနီးကို ချဉ်းကပ်ရောက်ရှိ ခဲ့စဉ် အာကာသ ယာဉ်မှူးတွေ ကြားခဲ့ရသည် ဆိုသော ထူးဆန်းတဲ့ ဂီတသံစဉ် ကို အမေရိကန် နာဆာ အဖွဲ့က ထုတ်ပြန်ပေးတော့ မှာ ဖြစ်ပါတယ်။
ထိုစဉ် က အာကာသယာဉ်မှူး ၃ ဦး ဟာ လ ရဲ့အမှောင်ဘက်ခြမ်း ကို ရောက်ရှိသွားပြီး ရေဒီယို ဆက်သွယ်မှု စနစ် မရှိတော့တဲ့ အချိန်မှာ ၎င်းတို့ရဲ့ နားကြပ်များမှ တစ်ဆင့် ထူးဆန်းတဲ့ ဂီတ သံစဉ်ကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

 

လ အနီး ကို ချဉ်းကပ် ခဲ့တဲ့ အပိုလို ၁၀ အာကာသ ခရီးစဉ် ဟာ လ မျက်နှာပြင်ပေါ်ကို လူသားနှစ်ဦး ပထမ ဆုံး ရောက်ရှိခြေချနိုင် ခဲ့တဲ့ အပိုလို ၁၁ အာကာသ ခရီးစဉ် မတိုင်မီ ကြိုတင်လေ့ကျင့်မှု ဖြစ်ပါတယ်။ 

အပိုလို ၁၀ မှ အာကာသယာဉ်မှူး ၃ ဦး ဟာ လ ရဲ့ပတ်လမ်းကြောင်း အတွင်း ဝင်ရောက် ခဲ့ပြီး လ မျက်နှာပြင်ပေါ် ကို ဆင်းသက်နိုင်ဖို့ လေ့ကျင့်ခဲ့တာပါ။

၎င်းတို့ရဲ့ လေ့ကျင့်မှု အတွင်း မြေပြင် ထိန်းချုပ်ရေး စခန်းနဲ့ ရေဒီယို အဆက် အသွယ် မရရှိတဲ့ လ ရဲ့အမှောင် ဘက်ခြမ်း ကို သွားရောက်မှုလည်း ပါဝင်ပါတယ်။

အာကာသယာဉ်မှူးတွေ ဟာ လ ရဲ့ အမှောင်ဘက်ခြမ်း ကို ရောက်ရှိသွားပြီး နာဆာ ထိန်းချုပ်ရေးစခန်း နဲ့ ရေဒီယို အဆက် အသွယ် ပြတ်တောက်နေစဉ်မှာ ၎င်းတို့ရဲ့ နားကြပ်ကနေ ဂီတသံစဉ် ပမာ လေချွန်သံ ကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ 

အဆိုပါ ဂီတသံ ကို အာကာသယာဉ်မှူးတွေ လ ရဲ့အမှောင်ဘက်ခြမ်းကို ဖြတ်သန်းနေခဲ့စဉ်အတွင်း တစ်ချိန် လုံး ကြားခဲ့ရတာ ဖြစ်ပါတယ်။

အာကာသယာဉ်မှူးတွေ က အသံ ဖမ်းထားခဲ့တဲ့ ထူးဆန်းတဲ့ အဆိုပါ ဂီတ သံစဉ်ကို နှစ်ပေါင်း ၄၇ နှစ်ကြာ လျှို့ဝှက် အဆင့် အနေ နဲ့ သိမ်းဆည်းထားခဲ့ပြီးနောက် ယခု အခါမှာတော့ Science Channel ရုပ်သံလိုင်းမှ ထုတ်လွှင့်တဲ့ NASA's Unexplained Files ရုပ်သံ အစီအစဉ်မှာ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။ 

အာကာသယာဉ်မှူးတွေ ကြားခဲ့ရတယ် ဆိုတဲ့ ဂီတ သံစဉ်ကို အခုအချိန်ထိ သေချာ တိကျစွာ ရှင်းပြနိုင်ခြင်း မရှိသေးပါဘူး။

 

Source & Photo: Wikipedia, IBTimes, 
Fox News
http://www.searchmyanmar.com/link/frame/cid/56899
22.02.2016
Ko Ko Kyaw at 8:50 AM

No comments:

Post a Comment