Friday, November 18, 2016

ကမ္ဘာမှ အလင်းနှစ် ၁၂ဝဝ ခန့် အကွာတွင် သက်ရှိများ သွားရောက် နေထိုင်နိုင်ဖွယ် ရှိသည့် ဂြိုဟ် တစ်လုံး

ဝါရှင်တန် ၊ ၂၉-၅-၂၀၁၆

အမေရိကန် ပြည်ထောင်စုမှ သုတေသီ များသည် ကမ္ဘာမှ အလင်းနှစ် ၁၂ဝဝ ခန့် အကွာတွင် သက်ရှိများ သွားရောက် နေထိုင်နိုင်ဖွယ် ရှိသည့် ဂြိုဟ် တစ်လုံးကို ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း မေ ၂၈ ရက် ထုတ်ပြန်ချက် အရ သိရသည်။

Kepler-62f ဟု အမည်ပေး ထားသည့် အဆိုပါဂြိုဟ် သည် လာရာ ကြယ်စု လမ်းကြောင်း အတွင်း တည်ရှိပြီး ကမ္ဘာထက် ၄ဝ ရာခိုင်နှုန်း ခန့် ပိုမို ကြီးမားကြောင်း နှင့် ၄င်း ဂြိုဟ်ပေါ်တွင် ရေမျက်နှာပြင် ရှိသောကြောင့် သက်ရှိများ အသက်ရှင် နေထိုင်ရန် အလား အလာ ရှိကြောင်း ၄င်းလေ့လာမှု ခေါင်းဆောင် အေမာဝါ ရှေးလ်စ် က ပြောကြားသည်။

ထို့ပြင် ၄င်းဂြိုဟ်တွင် ကမ္ဘာ့လေထု ဖွဲ့စည်းပုံ အများအပြား ရှိပြီး ရေမျက်နှာပြင် လုံလောက်စွာ ဖြစ်တည်နိုင်သည့် ပူနွေးမှု ရှိကြောင်း၊ ယင်း အချက်များက Kepler-62f ဂြိုဟ်သည် သက်ရှိများ သွားရောက် နေထိုင်နိုင်သည့် ဂြိုဟ်တစ်လုံး ဖြစ်သည်ကို ပိုမိုသေချာ စေခဲ့ခြင်း ဖြစ်ေ ကြာင်း ရှေးလ်စ်က ဆက်လက် ပြောကြားသည်။

အဆိုပါဂြိုဟ် အနေဖြင့် ၄င်း၏ မျက်နှာပြင် ပေါ်တွင် ရေဖြစ်တည် နိုင်ရေးအတွက် လုံလောက်သော အပူဓာတ် ရရှိစေရန် ကာဗွန်ဒိုင် အောက်ဆိုက် ပိုမို လိုအပ်ကြောင်း သိရသည်။

အာကာသ အတွင်းရှိ ကမ္ဘာ မဟုတ်သော တခြားဂြိုဟ် များတွင် သက်ရှိများ နေထိုင်နိုင်ရန် ကမ္ဘာထက် ငါးဆပိုမို သိပ်သည်းသော လေထုရှိရန် လိုအပ်ကြောင်း ရှေးလ်စ် ၏ ပြောကြားချက် အရ သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/05/blog-post_847.html

No comments:

Post a Comment