u>> အဝေးဆုံးက အလင်းဆုံးစူပါနိုဗာ <<<
အာကာသပညာရှင်များဟာ ကျနော်တို့နဲ့ အဝေးဆုံးနေရာမှာရှိနေတဲ့ အလွန်လင်းလက်တောက်ပနေသော စူပါနိုဗာ ကြယ်ပေါက်ကွဲမှု ဖြစ်စဉ်ကြီး တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ကမ္ဘာမှ အလင်းနှစ် တစ်ဆယ် ဘီလီယံလောက်ကို ဝေးကွာပြီး သာမန် မြင်တွေ့နေကျ စူပါနိုဗာ များထက် အဆ ၁၀၀ လောက်ကို လင်းလက်လို့နေပါတယ်။
စတွေ့တဲ့အချိန်တုန်းက စူပါနိုဗာလား ဘာလားတောင် ကွဲကွဲပြားပြား မသိခဲ့ပါဘူး။ ဒီလောက်ဝေးတဲ့နေရာမှာရှိတဲ့ စူပါနိုဗာတစ်ခုဟာ ကျနော်တို့ နဂါးငွေ့တန်း ဂလက်ဆီထဲက လင်းလက်နေတယ်လို့ ထင်ရလောက်အောင်ဘဲ ထူးခြား ဆန်းပြားလို့နေပါတယ် လို့ ဆိုကြပါတယ်။
ဒီအသစ်တွေ့ရှိခဲ့တဲ့ စူပါနိုဗာကို SNLS-06D4eu လို့ နာမည်ပေးထားပါတယ်။ အဝေးတက အဝေးဆုံး နေရာက အလင်းလက်ဆုံးသော စူပါ့ စူပါနိုဗာ ပါဘဲ။
No comments:
Post a Comment