Saturday, November 19, 2016

တူရကီနိုင်ငံ Denizli Pamukkale မြို့ကနေ ၁၉ ကီလိုမီတာ (၁၂မိုင်) အကွားမှာ တည်ရှိတဲ့ Pamukkale ဆိုတဲ့ နေရာလေး

ပြည်တွင်းခရီးသွားများနဲ့ နိုင်ငံခြားသား ဧည့်သည်များ အသွားများတဲ့နေရာတစ်ခုက တူရကီနိုင်ငံ Denizli Pamukkale မြို့ကနေ ၁၉ ကီလိုမီတာ (၁၂မိုင်) အကွားမှာ တည်ရှိတဲ့ Pamukkale ဆိုတဲ့ နေရာလေးဖြစ်ပါတယ်။ အဲဒီနေရာက ထူးဆန်းအံ့သြဖွယ်ရာ မြောက်မြားစွာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ရေပူစမ်းများဖြစ်ပါတယ်။ အဲဒီ ရေပူစမ်းရဲ့ အပူချိန်ဟာ ၃၅ ဒီဂရီကနေ ၁၀၀ ဒီဂရီအတွင်းမျာ ရှိပြီး ထွက်နေတဲ့ ရေပူထဲမှာလည်း သတ္တုဓာတ်များ ကြွယ်ဝလွန်းစွာ ပါဝင်နေပါတယ်။ တောင်စောင်းလေးမှာ အဆင့်ဆင့် အတိုင်း ဖြစ်ပေါ်နေတဲ့ ရေကန်ငယ်လေးပေါင်းများစွာ ဟာ အဖြူရောင် ကယ်လ်စီယမ်ကြောင့် ဆွတ်ဆွတ်ဖြူစွာ ဖြစ်နေတဲ့ အလှဟာ ထူးခြားလွန်းလို့ လူတိုင်းက ရင်သပ်ရှုမော အံ့သြခြင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

No comments:

Post a Comment