Friday, November 18, 2016

မက္ကဆီကိုနိုင်ငံမှ မာယာမြို့တော်ဟောင်း ပိရမစ်ကြီး      Pyramid at Chichén Itzá: Yucatan Peninsula, Mexico

မက္ကဆီကိုနိုင်ငံမှ မာယာမြို့တော်ဟောင်း ပိရမစ်ကြီး
     Pyramid at Chichén Itzá: Yucatan Peninsula, Mexico

Chichén Itzá မြို့ဟောင်းသည် အကျော်ကြားဆုံးသော မာယာ ယဉ်ကျေးမှု ဘုရားကျောင်း
မြို့တစ်မြို့ဖြစ်ပါသည်။ထိုမြို့သည် မာယာလူမျိုးများ၏ နိုင်ငံရေး ၊ စီးပွားရေး နှင့်
ယဉ်ကျေးမှုဆိုင်ရာ တိုးတတ်မြင့်မားခြင်းကို ထင်ဟပ်ပေါ်လွင်စေပါသည်။
ထိုမြို့ဟောင်းတွင် အဆောက်အဦး များစွာရှိပြီး Kukulkan ပိရမစ် ၊ Chac Mool ဘုရားကျောင်း ၊
Thousand Pillars ခန်းမ နှင့် အကျဉ်းသားများ၏ ကစားကွင်းများကို ယနေ့အချိန်အထိ
တွေ့မြင် နိုင်ပါသေးသည်။ အေဒီ ၆၀၀ မှ ၁၂၀၀ အတွင်း အဆင့်ဆင့် တည်ဆောက်
ဖွံ့ဖြိုးခဲ့သော မာယာမြို့ဟောင်းဖြစ်ကြောင်း သတ်မှတ်ကြပါသည်။
မက္ကဆီကို နိုင်ငံတွင် တည်ရှိပါသည်။ မြို့တော်၏အလယ်ဗဟိုတွင် Kukylkan
ပိရမစ်ရှိပြီး အမြင့်ပေပေါင်း ၇၉ ပေမြင့်သည်။ ယူနက်စကို ၏ ကမ္ဘာ့ယဉ်ကျေးမှု
အမွေအနှစ် စာရင်းဝင်ဒေသ
တစ်ခုဖြစ်ပါသည်။

နေခရမ်းမှ-

No comments:

Post a Comment