Friday, November 18, 2016

အန်နာပူရနာ (နီပေါ)

၁။ အန်နာပူရနာ (နီပေါ)
ANNAPURNA, Central Nepal (26,545 ft.)
အန်နာပူရနာ တောင်ဟာကမ္ဘာပေါ်မှာဒသမမြောက်အမြင့်ဆုံးနဲ့အန္တရာယ်အကြီးမားဆုံး တောင်တစ်ခု ဖြစ်ပါတယ်။

နီပေါနိုင်ငံ မြောက်အလယ်ပိုင်းမှာ ရှိတဲ့ ဟိမဝန္တာ တောင်တန်းတွေမှာ တည်ရှိပါတယ်။ အမြင့်ပေ ၈ဝ၉၁ မီတာ (၂၆၅၄၅ ပေ) ရှိပါတယ်။ ဒီတောင်ကို တက်ရောက်မယ် ဆိုရင် သေဆုံးမှုနှုန်း ၄၁ ရာခိုင်နှုန်း ရှိပြီး ကမ္ဘာပေါ်မှာ အကျွမ်းကျင်ဆုံး တောင်တက်သမားတွေတောင် မမျှော်မှန်းနိုင်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင် ရတတ်ပါတယ်။ အန်နာပူရနာ ဆိုတဲ့ အဓိပ္ပာယ်ကတော့ သက္ကတ ဘာသာဖြစ်ပြီး အဓိပ္ပာယ် ကတော့ ကောက်သစ်ပေါ်ချိန်
နတ်ဘုရားမ ဖြစ်ပါတယ်။ ဒီတောင်ကို တက်ချင်ရင်တော့ သတိကြီးကြီး ထားရမှာ ဖြစ်ပါတယ်

No comments:

Post a Comment