67P ကြယ်တံခွန်ပေါ်ကို အာကာသယာဉ် ဆင်းသက်နိုင်ဖို့ နီးကပ်လာ
အသစ် ထည်ထွင် ပြုလုပ်ထားတဲ့ Norcia လို့ခေါ်တဲ့ ဂြိုလ်တုစလောင်း
အကျယ်အ၀န်း အားဖြင့် ငါးကီလိုမီတာ နီးပါးလောက်ရှိတဲ့ ကြယ်တံခွန်တစ်ခုပေါ်ကို အာကာသယာဉ် ဆင်းသက်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ရာက အခုအခါမှာ ဆင်းသက်နိုင်ဖို့ နောက်ဆုံး အဆင့် ရောက်ရှိနေပြီ ဖြစ်ပါတယ်။
Rosetta အာကာသ ယာဉ်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကတည်းက ကမ္ဘာမြေပြင်ကနေ ကီလိုမီတာ ၆ ဘီလီယံ ခရီးနှင်ခဲ့ရာက အခုအခါမှာ 67P လို့ နာမည်ပေးထားတဲ့ ကြယ်တံခွန်နဲ့ ကီလိုမီတာ တစ်ရာအနီးမှာ ရောက်ရှိနေတဲ့ အတွက် နိုဝင်ဘာလကျရင် ကြယ်တံခွန်ပေါ် ဆင်းသက်နိုင် မယ်လို့ မျှော်လင့်နေကြပါတယ်။
ကမ္ဘာကြီး ဘယ်လို ဖြစ်လာသလဲ၊ ကမ္ဘာကြီးတည်ရှိတဲ့ နေစင်္ကြာဝဠာက ဘယ်လို ဖြစ်လာသလဲ၊ လူသားနေထိုင်တဲ့ ကမ္ဘာမြေကြီးပေါ်မှာ ဘာကြောင့် ရေတွေ ရှိနေတာလဲ ဆိုတာတွေကို သိရှိဖို့အတွက် ကြယ်တံခွန်ပေါ် ရောက်နိုင်အောင် လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။
အခုလောလောဆယ် Rosetta ယာဉ်ဟာ ကမ္ဘာနဲ့ ကီလိုမီတာ ၄ သန်းအကွာမှာ တည်ရှိနေပါတယ်။
ကမ္ဘာရဲ့ ဆွဲငင်အားနဲ့ အင်္ဂါဂြိုလ်ရဲ့ ဆွဲငင်အားတွေကို အသုံးပြုပြီး လောက်လေးဂွ ပစ်လိုက်သလို အဲဒီယာဉ်ကို ကြယ်တံခွန်ဆီ ပစ်လွတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီယာဉ်ကို ဥရောပ အာကာသ အဖွဲ့က ဦးစီးလွှတ်တင် တာဖြစ်ပြီး သြစတြေးလျ နိုင်ငံက အင်ဂျင်နီယာ တွေလည်း အာကာသယာဉ် တည်ဆောက်ရေးမှာ ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် သြစတြေးလျ နိုင်ငံ ပတ်သ်မြို့က ဆက်တလိုက် ကနေလည်း ဆက်သွယ်ရေး စနစ်တွေ ကောင်းမွန်အောင် လုပ်ဆောင်ပေးနေ တဲ့အတွက် ကြယ်တံခွန်ပေါ် ဆင်းသက်မယ့် စီမံကိန်းမှာ သြစတြေးလျရဲ့ ပါဝင်မှုကလည်း မနည်းတဲ့ အကြောင်း ပြောဆိုနေကြပါတယ်။
K Nyaw Htoo at 11:26 PM
No comments:
Post a Comment