Saturday, November 19, 2016

နေဖြစ်ပေါ်တည်ရှိနေရခြင်းအကြောင်းရင်း

နေဖြစ်ပေါ်တည်ရှိနေရခြင်းအကြောင်းရင်း
Friday, January 2, 2009

နေသည် ကိုယ်ပိုင်ဖြစ်ပေါ်တည်ရှိနေသော အရာမဟုတ်။နေသည် ကြယ်များ၏ စွမ်းအင်ရိုက်ခတ်မှု ကြောင့် ဖြစ်ပေါ်တည်ရှိလာရခြင်းသာဖြစ်ပေသည်။
များပြားသောကြယ်များသည် ဘဲဥပုံအ၀န်းလမ်းကြောင်းတွင် ကိုယ်ပိုင်လမ်း ကြောင်းများဖြင့် ရွေ.လျား လည်ပတ်နေကြသည်။၎င်းတို.သည်အလယ်ဗဟိုနှင့်အကွာအဝေးမတူကြသော်လည်း လည် ပတ်မှု တစ်ပတ်ပြည့်ရန်အချိန်မှာ ကမ္ဘာနှင့်တူညီကြသည်ကများသည်။ထိုကဲ့သို. အချင်းဝက် အကွာအဝေးမတူပဲ တပတ်ပြည့်ရန် အချိန်တူညီခြင်းကြောင့်ဗဟိုရ်ချက်နှင့်ဝေးလေ ရေ.ွ လျားမှုနှုန်းမြန်လေဖြစ်သည်။
ကမ္ဘာသည်လည်း သူ၏ ၀င်ရိုးပေါ်တွင်လည်ပတ်ရင်း ဘဲဥပုံပတ်လမ်းအတိုင်းကိုယ်ပိုင် လမ်းကြောင်း တစ်ခု ဖြင့် လည်ပတ်နေသည်။၎င်း၏ ၀င်ရိုးစွန်းနှစ်ဖက်မှာ သံလိုက်စက်ကွင်းများ စဉ်မပြတ်ထုတ်လွှတ်လျှက် ရှိ သည်။
ကြယ်များသည်လည်း ၄င်းတို. ၀င်၇ိုးစွန်းနှစ်ဖက် စီမှ သံလိုက်စက်ကွင်းများအစဉ်မပြတ်ထုတ်လွှတ် ကြသည်။ကမ္ဘာပတ်သောလမ်းကြောင်းနှင့် လားရာတူရွေ့လျားလည်ပတ်နေကြသည်။ဗဟိုရ်ချက် ကမ္ဘာထက် ဝေးကွာလွန်းသောကြယ်များ၏အသွားနှုန်းသည်ကမ္ဘာ့အကွာအဝေးနှင့်တိုက်ရိုက် ချိုးကျသကဲ့သို. ထုတ်လွှတ် သော စွမ်းအင်ပမာဏ မှာလည်း တိုက်၇ိုက်အချိုးကျသည်။ထို.အတူအရွယ်ပမာဏကြီးမားသောကြောင့်စွမ်းအင် မြင့်မား မှုမှာလည်းကမ္ဘာ.အရွယ်အစားနှင့်တိုက်ရိုက်အချိုးကျပင်ဖြစ်သည်။
ဝင်၇ိုးစွန်းနှစ်ဖက်မှထွက်လာသော သံလိုက်စက်ကွင်း တို.၏သံလိုက်စီးကြောင်းသည် အီလက် ထ ရွန် စီးကြောင်းများဖြစ်သည်။ဝင်၇ိုးစွန်းတစ်ဖက်မှ ထွက်လာသော အီလက်ထရွန် စီးကြောင်းနှင့် ကျန်တဖက် မှထွက် လာသောဆန့်ကျင်အီလက်ထရွန် စီးကြောင်းတို. တွေ့ဆုံရာတွင် တစ်ခုကိုတစ်ခုချေဖျက်ခြင်းကြောင့် အပူနှင့် အလင်း ထွက်ပေါ်လာသည်။တနည်းဆိုရသော် ထိုဖြစ်စဉ်သည် နယူကလီးယားပေါင်းစည်းခြင်း ပင်ဖြစ်သည်။
ထိုသို.တွေဆုံရာတွင် နည်းသောတွေ.ဆုံမှု၌ အပူနှင့်အလင်းထွက်ပေါ်မှုသည် မပြောပလောက်ပေ။
ပတ် လမ်းဘဲဥပုံ အ၀န်းပတ်လည်ရှိ ထောင်ပေါင်းများစွာသောကြယ်တို.၏၀င်၇ိုးစွန်းနှစ်ဖက်စီမှ ထုတ်လွှတ်နေသောသံလိုက်စက်ကွင်းများသည် အ၀န်း၏ အတွင်းတနေရာ၌ စုပေါင်းတွေ.ဆုံကြရာတွင် များပြားသော နယူကလီးယားပေါင်းဆုံခြင်းဖြစ်ပေါ်နေပေသည်။ထိုသို.ပေါင်းစည်းခြင်းကြောင့် ထွက်ပေါ် လာ သောအပူပမာဏသည် ဒီဂရီ စင်တီဂရိတ် သန်းနှင့်ချီ၍ ရှိသည်။အလင်း၏ပမာဏသည်လည်း မိုင်ပေါင်းသန်း ရာနှင့်ချီ ၍ ပျံ.နှံ.ရောက်ရှိပေသည်။ကြယ်များစဉ်ဆက်မပြတ် လည်ပတ်နေခြင်းကြောင့် နယူကလီးယားပေါင်း စည်းမှုသည်လည်း စဉ်ဆက် မပြတ်ဖြစ်ပေါ်နေပေသည်။ထို.ကြောင့် အပူနှင့်အလင်းသည်လည်း စဉ်ဆက်မ ပြတ်ထွက်ပေါ်နေပေသည်။
ထိုသို. အပူနှင့်အလင်း စဉ်ဆက်မပြတ် ထွက်ပေါ်နေသောအရာကို နေဟုခေါ်ဆိုကြခြင်းဖြစ်ပေသည်။

cosmogony at 11:23 PM

No comments:

Post a Comment