ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)
ယခုအချိန်အထိ အကောင်းအတိုင်းနီးပါးကျန်ရှိနေသည့် ပိရမစ်ကြီး ဖြစ်ပါသည်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အနားတွင် တွင်တည်ရှိပြီး အဝေးမှပင် ထီးထီးကြီးမြင်တွေ့နိုင်သော
အဆောက်အဦကြီးဖြစ်ပါသည်။ ဂီဇာအရပ်တွင် ရှိသော ပိရမစ်သုံးခုတွင် အကြီးဆုံးဖြစ်
ပါသည်။ ထိုပိရမစ်ကြီးအား အီဂျစ်ဖာရို ဘုရင် ခူဖူး(Khufu) သည် သူ၏သင်္ချိုင်းဂူအဖြစ်
BC ၂၅၆၀ တင် တည်ဆောက်ခဲ့ပါသည်။ စတင်တည်ဆောက်ချိန်တွင် အမြင့်အားဖြင့်
ပေပေါင်း ၄၈၀ ခန့်ရှိသော်လည်း ယခုအခါ ရာသီဥတုဒဏ်များကြောင့် အနည်းငယ် နိမ့်ကျ
ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။တည်ဆောက်ချိန်မှစပြီးနှစ်ပေါင်း ၄၀၀၀ ကျော်လောက်အထိ
လူသားတို့ဖန်တီးသော ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ အဖြစ် မှတ်တမ်းတင်ခြင်းလည်း
ခံခဲ့ရပါသည်။ ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် စာရင်းတွင်တော့ အင်တာနက်မဲစနစ်ဖြင့်
မှတ်တမ်းတင်ကြခြင်းဖြစ်သဖြင့် နောက်ဆုံးအဆင့်တွင် ကပ်ပြီးပြုတ်ခဲ့ပါသည်။
ဒါလည်းအီဂျစ်အစိုးရ ကိုယ်တိုင်က အင်တာနက်မှ မဲ ပေးရွေးချယ်ခြင်းကို မလိုလား
မလုပ်သင့်ဟု ထင်သဖြင့် တားမြစ်မှုများရှိခဲ့သည်ဟု ဆိုပါသည်။ လူအများကတော့
ယခုလက်ရှိ ခေတ်သစ်ကမ္ဘာ့အံ့ဖွယ် (၇)ပါးစာရင်းတွင် ဂီဇာ ပိရမစ်ကြီးလည်း
ပါဝင်သည် ဟု မှတ်ယူ ထင်နေကြတုံးပါ။
ယခုတင်ပြသော စာရင်းများကို new7wonders.com Website မှ ရယူပြီး
အချက်အလက်များကို WIKI မှ ရယူထားပါသည်။
6/2/2012 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း
No comments:
Post a Comment