Saturday, November 19, 2016

ပျောက်ဆုံးနေသော ဘိုးဘွားပိုင် ကျောက်စိမ်းများကို Galaxy S2 ဖုန်းသုံး၍ ရှာဖွေတွေ့ရှိ

Friday, August 3, 2012
ပျောက်ဆုံးနေသော ဘိုးဘွားပိုင် ကျောက်စိမ်းများကို Galaxy S2 ဖုန်းသုံး၍ ရှာဖွေတွေ့ရှိ
 မရမ်းကုန်းမြို့နယ်အတွင်းက အိမ်တစ်အိမ်တွင် ယခင် ဘိုးဘွားပိုင်လက်ထက်ကတည်းက မြှုပ်နှံထားခဲ့သော ကျောက်စိမ်းများကို Galaxy S2 ဖုန်းသုံး၍ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖုန်းထဲမှာပါရှိတဲ့ သံလိုက်စက်ကွင်း လှိုင်းဆွဲအားတိုင်းတာတဲ့ Application ကို အသုံးပြု၍ လှိုင်းကြိမ်နှုန်း အနိမ့်အမြင့်ကို ကွန်တိုဆွဲကာ လှိုင်းဆွဲအား အမြင့်ဆုံးနေရာတွင် တူးဖော်ခဲ့တာဖြစ်ကြောင်း ၊ ယင်းအိမ်ရှင်၏ ကွယ်လွန်သွားခဲ့သော အဘိုးက ယခင်အစိုးရလက်ထက်တွင် စိုးရိမ်သဖြင့် အိမ်ခြံဝင်းတစ်နေရာ၏ အနက်ခြောက်ပေခန့်၌ သစ်သားခင်းများခံ၍ အိုးဖြင့်ထည့်ကာ မြှုပ်နှံခဲ့သဖြင့် စတူးစဉ်တွင် ရေတွေထွက်လာသောကြောင့် ရှာဖွေရာ၌ အခက်အခဲရှိခဲ့ကြောင်းနှင့် (၆)ရက်လောက်ကြာမျှ ရှာဖွေခဲ့ကြရကြောင်း သိရသည်။

သံလိုက်စက်ကွင်း အပြောင်းအလဲကို အသုံးပြုပြီး ရှာဖွေသောနည်းစနစ်သည် သာမာန်လူများ၌လည်း အဆင့်မြင့်ဖုန်းများကို အသုံးပြု၍ ပျောက်ဆုံးနေသော ရှေးဟောင်းပစ္စည်းများကို အကြမ်းဖျဉ်းသိရုံဖြင့် ရှာဖွေနိုင်မည်ဖြစ်ကြောင်း ၊ သတ္တုကြောများ ၊ ရွှေကြောများကိုလည်း ယင်းအဆင့်မြင့်ဖုန်းများသုံး၍ အနီးစပ်ဆုံး လွယ်ကူစွာ ရှာဖွေနိုင်ကြောင်း ၊ သို့ပေမယ့် နိုင်ငံပိုင်မြေနေရာများ၌ ရှာဖွေတူးဖော်မည်ဆိုလျှင် ဥပဒေအရ ငြိစွန်းနိုင်ကြောင်းလည်း သိရသည်။
Source : Popular
Thu Rein at 2:57 PM

No comments:

Post a Comment