Saturday, November 19, 2016

အဂျင့်တာ့လှိုဏ်ဂူ အိန္ဒိယနိုင်ငံ ရှိ ကြည်ညိုဖွယ်ရာ ဗုဒ္ဓရတနာများ မြောက်အများ တည်ရှိရာ အဂျင့်တာ့လှိုဏ်ဂူ အကြောင်း

THURSDAY, JANUARY 7, 2016
အဂျင့်တာ့လှိုဏ်ဂူ
အိန္ဒိယနိုင်ငံ ရှိ ကြည်ညိုဖွယ်ရာ ဗုဒ္ဓရတနာများ မြောက်အများ တည်ရှိရာ အဂျင့်တာ့လှိုဏ်ဂူ အကြောင်း
.
.
အဂျင်တာ လှိုဏ်ဂူ
» အဂျင့်တာ့လှိုဏ်ဂူဆိုတာကတော့ အိန္ဒိယနိုင်ငံမှာတည်ရှိပြီး မွန်ဘိုင်းမြို့ကနေ မိုင်ပေါင်း ၂၈၀ ဝေးပါတယ်။ မြင်းခွာပုံကျောက်တောင်မှာ လူတွေထွင်းထုထားတဲ့ ဗုဒ္ဓလှိုဏ်ဂူပေါင်း ၃၀ ရှိပါတယ်။
.
.
» အဂျင့်တာ့လှိုဏ်ဂူတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်က ဘယ်လိုနည်းပညာနဲ့ ထွင်းထုခဲ့လဲဆိုတာကိုလဲ ခေတ်သစ်အင်ဂျင်နီယာပညာရှင်တွေအဖြေမထုတ်နိုင်သေးဘဲဖြစ်နေဆဲပါ။
.
.
» အဂျင့်တာ့လှိုဏ်ဂူတစ်ခုစီရဲ့မျက်နှာမူရာအရပ်ကို မတူအောင်တည်ဆောက် ထားပါတယ်။ နေရောင်ကို ဂူထဲမှာရှိတဲ့ ဘုရားဆင်းတုတော်ဆီကိုသာ တိုက်ရိုက်အလင်းရောက်ဖို့အတွက် စီမံတည်ဆောက်ထားတာပါ။ ဒါကြောင့်မို့ အဂျင့်တာ့လှိုဏ်ဂူ တည်ဆောက်ခဲ့သူတွေရဲ့ နက္ခတ္တဗေဒ တဖက်ကမ်းခတ်ကျွမ်းကျင်မှုကို ခေတ်သစ် သိပ္ပံပညာရှင်တွေက အံမခန်းဖြစ်ကြတာပါ။ ကျောက်တံခါးပြူတင်းကဝင်လာတဲ့ မနက်ခင်းနေရောင်ခြည်နဲ့ ဗုဒ္ဓဆင်းတုတော်ကို ပူဇော်ထားတာကိုတော့ လှိုဏ်ဂူအမှတ် ၁၉ နဲ့ ၂၆ မှာဖူးမျော်ကြည်ညို နိုင်ပါတယ်။ အံသြဖွယ်ပါဘဲ...
.
.
» ဂူတိုင်းမှာတော့ ကျောက်သားအတိပြီးတဲ့ဘုရားကျောင်းဆောင်တွေ၊ ဆင်းတုတော်တွေ၊ ပန်းပုလက်ရာတွေ၊ နံရံဆေးရေးပန်းချီတွေနဲ့ပြည့်နှက်နေပြီး ဗုဒ္ဓရဲ့ဘဝဖြစ်စဉ်တွေကို ထွင်းထုပူဇော်ထားပါတယ်။
.
.
» တစ်ချို့ဂူတွေကတော့ ဘုန်းကြီးကျောင်းဆောင်တွေဖြစ်ပြီး ရဟန်းတွေသတင်းသုံး တရားအားထုတ်ခဲ့ကြတာပါ။ ကျောက်တောင်ရှေ့မှာ ၀မ်ဂိုရာမြစ်ကွေ့ပတ်စီးဆင်းနေပြီး မိုးတွင်းအခါမှာတော့ ကျောက်တောင်ပေါ် ကနေဖြတ်စီးနေတဲ့ ရေတံခွန်သံက လှိုဏ်ဂူထဲကနေတောင်ကောင်းကောင်းကြားနိုင် ပါတယ်။
.
.
» လှိုဏ်ဂူတွေထဲမှာ ထေရဝါရကိုးကွယ်မှုတွေနဲ့သက်ဆိုင်တဲ့ ရှေးကျတဲ့ အကြောင်းအ ရာတွေကိုဖူးမျှော်နိုင်သလို မဟာရနကိုးကွယ်မှုအကြောင်းတွေ ကိုလည်းလေ့လာနိုင်ပါတယ်။ အဂျင့်တာ့လှိုဏ်ဂူကတော့ နိဗ္ဗန်တံခါးပေါက်ဖြစ်ခဲ့မှာ အသေအချာပါဘဲ။
.
.
»ပညာရှင်တွေရဲ့ကောက်ချက်ကလည်းစိတ်ဝင်စားစရာပါ။ ရှေးခေတ်လူသားတွေက သူတို့အမှန်တကယ်တွေ့ခဲ့ရတာတွေကို ပန်ချီးဆွဲတာတို့ ပန်းပုထုတာတို့ အမြဲတမ်း လုပ်ပါတယ်တဲ့။
.
.
» ဂူထဲရှိ အရောင်အသွေးစုံ စွာရေးချယ်ထားတဲ့ ဗုဒ္ဓပန်းချီလက်ရာတွေကတော့ ရှေးအကျဆုံးနဲ့ လက်ရာအမြောက်ဆုံး ဗုဒ္ဓပန်းချီလက်ရာတွေထဲကတစ်ခုဖြစ်တယ်လို့ သမိုင်းပညာရှင်တွေ ကောက်ချက်ချထား ပါတယ်။ ဒါကြောင့်မို့လဲ အရောင်တွေတိတိကျကျသုံးပြီး ထူးခြားလက်ရာမြောက်တဲ့ ပန်ချီတွေကိုမှောင်မဲနေတဲ့ဒီဂူတွေထဲမှာ ဘယ်လိုရေးဆွဲခဲ့သလဲဆိုတာ ခေတ်သစ်ပညာ ရှင်တွေ စဉ်းစားမရဖြစ်နေရတုန်းပါ။
.
.
နောက်ခံသမိုင်း
» အခြားသော ဗုဒ္ဓဘုန်းတွေကြီးတွေ နေထိုင်ရာ ဒေသတွေလိုပဲ အဂျင့်တာ့လှိုဏ်ဂူက စာသင်ကြားဖို့၊ ဘုန်တော်ကြီးတွေ နေထိုင်ဖို့၊ ဝတ်ပြုဖို့ တည်ဆောက်ထားခဲ့ခြင်းဖြစ်ပါတယ်။
.
.
» တရုတ်လူမျိုး ခရီးသွားသူ စာပေပညာရှင်၊ ဘုန်းတော်ကြီး Xuanzang က တရုတ်ပြည်မှ အိန္ဒယ ကို ခရီးထွက်ခဲ့ပြီး အဆိုပါ လှိုင်ဂူထဲမှာ နေထိုင်ပြီး အဆိုပါ လိုင်ဂူအကြောင်း မှတ်တမ်းများ ရေးသားခဲ့သည့်အပြင် အဆိုပါ အိန္ဒိယ မှ တရုတ်ပြည်သို့ အပြန် အဆိုပါ လှိုင်ဂူမှာ ရရှိခဲ့တဲ့ တရားဓမ္မတွေကို တရုတ်ပြည်မှာ ပြန်လည် ဖြန်ဝေခဲ့ပါသည်။
.
.
» ပညာရှင်တွေက အဆိုပါ လှိုင်ဂူကို အပိုင်နှစ်ပိုင် ခွဲပြီး သုံးသပ်ကြပြီး အဆိုပါ အပိုင်း နှစ်ခုအကြား နှစ်ရာနဲ့ချီ ခြားနားခဲ့ တယ်လို့ ဆိုပါတယ်။
.
.
» အိန္ဒယ အစိုးရ နိုင်ငံရဲ့ သတင်းအချက်အလက် နဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက (Ministry of Information and Broadcasting, Government of India.) ထုတ်ပြန်တဲ့ အိန္ဒယ ရဲ့ ရာစု နှစ်များဆိုတဲ့ စာအုပ်မှာ (India through the ages.) ပထမလှိုဏ်ဂူ ၅ ခုကို ခရစ်တော်မပေါ်မှီ (၂) ရာစုမှာထွင်းထုခဲ့ တယ်လို့ သုံးသပ်ပါတယ်။
.
.
» ကျန်လှိုဏ်ဂူ ၂၅ ခုကိုတော့ (၅) ရာစုနှစ်အတွင်းမှာထွင်းထု တယ်လို့ လေ့သုံးသပ်ပါတယ်။
.
.
» ၁၉၈၃ ခုနှစ်မှာတော့ ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာတစ်နေရာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
.
.
ပိုမိုပြီး သိရှိလိုတယ်ဆိုရင်
» အဂျင့်တာ့လှိုဏ်ဂူကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ EasyTicket ဖုန်း ၀၉-၅၅၄ ၅၄ ၅၄ www.easyticket.asia ကို ဆက်သွယ်နိုင်ပါသည်။
.
.
မြန်မာ့ဇွဲမာန်

Tuesday, August 23, 2011 အဓမ္မိကသုတ် (အင်္ဂလိပ်၊ မြန်မာ )

Tuesday, August 23, 2011
အဓမ္မိကသုတ် (အင်္ဂလိပ်၊ မြန်မာ )

    Monks, at a time the kings are unrighteous, the royal servicemen too become unrighteous. When the royal servicemen become unrighteous the Brahmin householders too become unrighteous. When the Brahmin householders become unrighteous those in the townships and provinces too become unrighteous. When those in the townships and provinces become unrighteous, the moon and sun move unevenly. When the moon and sun move unevenly the stars and the constellations move unevenly. Then the night and day dawn unevenly. When the night and day dawn unevenly, the fortnights and the months become uneven. When the fortnights and months become uneven, the seasons and the year become uneven. When the seasons and the year become uneven, winds blow unevenly and in the wrong direction. When winds blow unevenly and in the wrong direction deities become disturbed. When the deities become disturbed the sky does not bring proper rainfall. When there is no proper rainfall, the grains ripe unevenly. When humans eat the grains unevenly ripened, their life span gets shortened, and they lose their beauty and power and are struck by many ailments.
ရဟန်းတို့ ဘုရင်မင်းတို့ တရားမစောင့်သောအခါ မှူးမတ်တို့သည်လည်း တရားမစောင့်ကုန်၊ မှူးမတ်တို့ တရားမစောင့်သောအခါ ပုဏ္ဏားသူကြွယ်တို့လည်း တရားမစောင့်ကုန်၊ ပုဏ္ဏားသူကြွယ်တို့ တရားမစောင့်သောအခါ နိဂုံး ဇနပုဒ်နေသူတို့လည်း တရားမစောင့်ကုန်၊ နိဂုံး ဇနပုဒ်နေသူတို့တရားမစောင့်သောအခါ လ နေတို့သည် မညီမညွတ်လှည့်လည်ကုန်၏၊ နက္ခတ်တာရာ အပေါင်းတို့ မညီမညွတ်လည့်လည်သောအခါ ညဥ့်နေ့တို့သည် မညီမညွတ်ဖြစ်ကုန်၏၊ ညဥ့်နေ့တို့သည် မညီမညွတ် ဖြစ်ကုန်သော် လနှင့်နလခွဲတို့သည် မညီမညွတ်ဖြစ်ကုန်၏၊ လနှင့်လခွဲတို့ မညီမညွတ်ဖြစ်သောအခါ ဥတု နှစ်တို့သည် မညီမညွတ်ဖြစ်ကုန်၏၊ ဥတု နှစ်တို့သည် မညီမညွတ်ဖြစ်ကုန်သော် လေတို့သည် မညီမညွတ်တိုက်ကုန်၏၊ လမ်းမှန် မတိုက်ကုန်၊ လေတို့ မညီမညွတ်လမ်းမှန် မတိုက်သောအခါ နတ်တို့အမျက်ထွက်ကုန်၏၊ နတ်တို့အမျက်ထွကန်ကုန်သော် မိုးကောင်းစွာ မရွာသွန်း၊ မိုးကောင်းစွာ မရွာသွန်းသော် ကောက်တို့သည် အမှည့် မညီညွတ်ကုန်။ ရဟန်းတို့ အမှည့် မညီညွတ်သော ကောက်တို့ကိုစားသုံးသူတို့သည် အသက်တိုကုန်၏၊ အဆင်းမလှကုန်၊ အားနည်းကုန်၏၊ အနာများကုန်၏၊။
Monks, at a time the kings are righteous, the royal servicemen too become righteous. When the royal servicemen become righteous the Brahmin householders become righteous. When the Brahmin householders become righteous those in the townships and provinces become righteous. When those in the townships and provinces become righteous, the moon and sun move evenly.  When the moon and sun move evenly, stars and the constellations move evenly. When the stars and the constellations move evenly, then the night and day dawn evenly. When the night and day dawn evenly, the fortnights and the months become even. When the fortnights and months become even, the seasons and the year become even. When the seasons and the year become even, winds blow evenly in the right direction. When the deities are not disturbed, the sky brings proper rainfall.When the sky brings proper rainfall, the grains ripe evenly. When humans eat the grains evenly ripened, their life span gets lengthened, and they become beautiful and strong and have few ailments.
ရဟန်းတို့ ဘုရင်မင်းတို့ တရားစောင့်သောအခါ မှူးမတ်တို့သည်လည်း တရားစောင့်ကုန်၏၊ မှူးမတ်တို့ တရားစောင့်သောအခါ ပုဏ္ဏားသူကြွယ်တို့လည်း တရားစောင့်ကုန်၏၊ ပုဏ္ဏားသူကြွယ်တို့ တရားစောင့်သောအါ နိဂုံး ဇနပုဒ်နေသူတို့လည်း တရားစောင့်ကုန်၏၊ နိဂုံး ဇနပုဒ်နေသူတို့ တရားစောင့်သောအခါ လ နေတို့သည် ညီညွတ်စွာ လှည့်လည်ကုန်၏၊ လ နေတို့ ညီညွတ်စွာ လှည့်လည်သောအခါ နက္ခတ်တာရာအပေါင်းတို့သည် ညီညွတ်စွာ လှည့်လည်ကုန်၏၊ လ နေတို့ ညီညွတ်စွာ လှည့်လည်သော အခါ နက္ခတ်တာရာအပေါင်းတို့သည် ညီညွတ်စွာ လှည့်လည်ကုန်၏၊ နက္ခတ်တာရာ အပေါင်းတို့ ညီညွတ်စွာ လှည့်လည်ကုန်သော ညဥ့်နေ့တို့သည်လည်း ညီညွတ်စွာ ဖြစ်ကုန်။၊ ညဥ့်နေ့တို့ ညီညွတ်စွာ ဖြစ်ကုန်သော် လနှင့်လခွဲတို့သည် ညီညွတ်စွာ ဖြစ်ကုန်၏၊ လနှင့်လခွဲတို့ ညီညွတ်စွာ ဖြစ်ကုန်သော် ဥတု နှစ်တို့လည်း ညီညွတ်စွာ ဖြစ်ကုန်၏၊ ဥတု နှစ်တို့ ညီညွတ်စွာဖြစ်ကုန်သော် လေတို့သည် ညီညွတ်စွာတိုက်ကုန်၏၊ လမ်းမှန် တိုက်ကုန်၏၊ လေတို့သည် ညီညွတ်စွာ လမ်းမှန်တိုက်ကုန်သော် နတ်တို့အမျက်မထွက်ကုန်၊ နတ်တို့ အမျက်မထွက်ကုန်သော် မိုးသည် ကောင်းစွာ ရွာသွန်း၏၊ မိုးကောင်းစွာရွာသွန်းသော် ကောက်တို့သည် အမှည့်ညီကုန်၏၊။ ရဟန်းတို့ အမှည့်ညီသော ကောက်တို့ကို စားသုံးသူတို့သည် အသက်ရှည်ကုန်၏၊ အဆင်းလှ ကုန်၏၊ အားရှိကုန်၏၊ ရောဂါနည်းကုန်၏၊ ဟု (မိန့်တော်မူ၏။)
When cattle are crossing (a water way) if the leading bull goes crooked, all of them go crooked, as the leading one goes crooked. Even so among humans if the one considered the chief, practices unrighteousness, all the rest will follow suit. If the king is unrighteous, the whole country rests unhappily.
်(မြစ်ကို) ကူးကုန်သော နွားတို့တွင် ရှေ့ဆောင်နွားလားသည် ကောက်ကျစ်သွားခဲ့မူ၊ ရှေ့ဆောင်နွားလား ကောက်ကျစ် သွားသည်ရှိသော် နောက်လိုက်နွား အားလုံးတို့သည် ကောက်ကျစ်လိုက်သွားကုန်၏။ ဤအတူသာလျှင် လူတို့တွင် အမြတ်ဆုံးဟု သမုတ်အပ်သူသည် အကယ်၍ တရားမဟုတ်သည်ကို ကျင့်အံ့၊ဤမှ တစ်ပါးသော သတ္တ၀ါအပေါင်းသည် အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ မင်းတရားမစောင့်သည် ဖြစ်အံ့၊ တစ်နိုင်ငံလုံးဆင်းရဲရ၏။
When cattle are crossing (a water way) if the leading bull goes straight all of them go straight, as the leading one goes straight. Even so among humans if the one considered the chief, indeed lives righteously all the rest follow suit.  If the king is righteous, the whole country rests happily.
(မြစ်ကို) ကူးကုန်သော နွားတို့တွင် ရှေ့ဆောင်နွားလားသည် ဖြောင့်ဖြောင့်သွားခဲ့မူ၊ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားသည်ရှိသော် နောက်လိုက်နွားအားလုံးတို့သည် ဖြောင့်ဖြောင့်ပင် လိုက်သွားကုန်၏။ ဤအတူသာလျှင် လူတို့တွင် အမြတ်ဆုံးဟု သမုတ်အပ်သူသည် အကယ်၍တရားကို ကျင့်အံ့၊ဤမှ တစ်ပါးသော သတ္တ၀ါအပေါင်းသည် အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ မင်း တရားစောင့်အံ့၊ တစ်နိုင်ငံလုံး ချမ်းသာ ရလေသတည်း။
Anguttaranikāya, Catukkanipāta, Pattakammavagga- Adhmmika Sutta
အင်္ဂုတ္တိုရ်ပါဠိတော်၊ စတုက္ကနိပါတ၊ ပတ္တကမ္မ၀ဂ်၊ အဓမ္မိကသုတ်
လပြည့်ဝန်း(သာစည်)
ဘ၀အရေး စိတ်အေးရဖို့ ဓမ္မအသိရှိလျှက်နေကြစို့။
lapyaewon at Tuesday, August 23, 2011

ပျောက်ဆုံးနေသော ဘိုးဘွားပိုင် ကျောက်စိမ်းများကို Galaxy S2 ဖုန်းသုံး၍ ရှာဖွေတွေ့ရှိ

Friday, August 3, 2012
ပျောက်ဆုံးနေသော ဘိုးဘွားပိုင် ကျောက်စိမ်းများကို Galaxy S2 ဖုန်းသုံး၍ ရှာဖွေတွေ့ရှိ
 မရမ်းကုန်းမြို့နယ်အတွင်းက အိမ်တစ်အိမ်တွင် ယခင် ဘိုးဘွားပိုင်လက်ထက်ကတည်းက မြှုပ်နှံထားခဲ့သော ကျောက်စိမ်းများကို Galaxy S2 ဖုန်းသုံး၍ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖုန်းထဲမှာပါရှိတဲ့ သံလိုက်စက်ကွင်း လှိုင်းဆွဲအားတိုင်းတာတဲ့ Application ကို အသုံးပြု၍ လှိုင်းကြိမ်နှုန်း အနိမ့်အမြင့်ကို ကွန်တိုဆွဲကာ လှိုင်းဆွဲအား အမြင့်ဆုံးနေရာတွင် တူးဖော်ခဲ့တာဖြစ်ကြောင်း ၊ ယင်းအိမ်ရှင်၏ ကွယ်လွန်သွားခဲ့သော အဘိုးက ယခင်အစိုးရလက်ထက်တွင် စိုးရိမ်သဖြင့် အိမ်ခြံဝင်းတစ်နေရာ၏ အနက်ခြောက်ပေခန့်၌ သစ်သားခင်းများခံ၍ အိုးဖြင့်ထည့်ကာ မြှုပ်နှံခဲ့သဖြင့် စတူးစဉ်တွင် ရေတွေထွက်လာသောကြောင့် ရှာဖွေရာ၌ အခက်အခဲရှိခဲ့ကြောင်းနှင့် (၆)ရက်လောက်ကြာမျှ ရှာဖွေခဲ့ကြရကြောင်း သိရသည်။

သံလိုက်စက်ကွင်း အပြောင်းအလဲကို အသုံးပြုပြီး ရှာဖွေသောနည်းစနစ်သည် သာမာန်လူများ၌လည်း အဆင့်မြင့်ဖုန်းများကို အသုံးပြု၍ ပျောက်ဆုံးနေသော ရှေးဟောင်းပစ္စည်းများကို အကြမ်းဖျဉ်းသိရုံဖြင့် ရှာဖွေနိုင်မည်ဖြစ်ကြောင်း ၊ သတ္တုကြောများ ၊ ရွှေကြောများကိုလည်း ယင်းအဆင့်မြင့်ဖုန်းများသုံး၍ အနီးစပ်ဆုံး လွယ်ကူစွာ ရှာဖွေနိုင်ကြောင်း ၊ သို့ပေမယ့် နိုင်ငံပိုင်မြေနေရာများ၌ ရှာဖွေတူးဖော်မည်ဆိုလျှင် ဥပဒေအရ ငြိစွန်းနိုင်ကြောင်းလည်း သိရသည်။
Source : Popular
Thu Rein at 2:57 PM

Tuesday, July 2, 2013 ဘာမြူဒါ တြိဂံ အတွင်း ဖန်သားပိရမစ်တွေ့ရှိမှု

Tuesday, July 2, 2013
ဘာမြူဒါ တြိဂံ အတွင်း ဖန်သားပိရမစ်တွေ့ရှိမှု

မြောက်အတ္တလန္တိတ်သမုဒ္ဓရာ အတွင်းမှ ဘာမြူဒါ တြိဂံဒေသသည် ယနေ့တိုင်း အံသြမှုများနှင့် ပြည့်နှက်နေသော့ နေရာတစ်ခု အဖြစ်
... တည်ရှိနေဆဲဖြစ်သည်။

သိပ္ပံပညာရှင် အများစုကလည်း ယနေ့တိုင် ၄င်း၏ လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ် နေဆဲဖြစ်ပါသည်။ သို့သော်၎င်းသည် ပင်လယ်ရေသောက် သကဲ့သို့ပင်။ ပင်လယ်ရေဆိုသည်မှာ သောက်လေ ငတ်လေ ဖြစ်သကဲ့သို့ ဘာမြူဒါ တြိဂံ ကလည်း ရှာဖွေလေ တွေ့ရှိလေဖြစ်နေလေသည်။

ယခုလည်း အံသြဖွယ်ရာတစ်ခုကို ထပ်မံတွေ့ရှိပြန်ပါပြီ။ ဘာမြူဒါ တြိဂံ ဒေသ ပင်လယ်အောက်ကြမ်းပြင် မှာ အီဂျစ်တို့ရဲ့ ပိရမစ် သဏ္ဍာန်တူ ဖန်သား ပိရမစ် တစ်ခုကို တွေ့ရှိခဲ့ပြန်ပါပြီ။

အမေရိကန် နဲ့ ပြင်သစ် သိပ္ပံ ပညာရှင်များဦးစီး၍ ပင်လယ်ရေအောက် စူးစမ်းလေ့လာရေးများပြုလုပ်ခဲ့ရာမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။

၎င်းဖန်သား ပိရမစ်၏ ထုထည်နှင့်ပတ်သတ်၍ စောင်းများ၏ အလျားမှာ 200မီတာ 300မီတာ အသီးသီးရှိကြပြီး၊ အောက်ခြေမှထိပ်ဖျားအထိ အမြင့် 100မီတာ ရှိသည်ဟု သိပ္ပံ ပညာရှင်များက ခန့်မှန်းပြောကြားခဲ့ပါသည်။ ပင်လယ်အောက်ခြေမှာ ရှိသော်ငြားလည်း ၄င်း၏မျက်နှာပြင်များမှာ ချောမွေ့ညီညာမှုရှိ သည်။

၎င်း၏ ပုံပန်းသဏ္ဍာန် မှာ ရှေး အီဂျစ် ဘုရင်များလက်ထက်က ဆောက်လုပ်ခဲ့တဲ့ ပိရမစ်တွေထက် အရွယ်အစားအားဖြင့် ပို၍ကြီးမားပြီး၊ ပိရမစ် ထိပ်၌ အဝကျယ် အပေါက် နှစ်ပေါက်ပါရှိပါသည်။

၎င်းတို့အနက် ဒုတိယမြောက် အပေါက်ဝမှ ပင်လယ်ရေများ အရှိန်အဟုန်ဖြင့် ဖြတ်သန်း စီးဆင်းလျှက်ရှိပါသည်။ ၄င်း အရှိန်ဖြင့်စီးဆင်းသော ရေအားက ရေကယက်ကို ဖြစ်ပေါ်စေပါသည်။ ၄င်း ရေကယက်များသည် ပင်လယ်ရေမျက်နှာပြင် အထက်၌ ဆွဲငင်အားကြီးမားသော ဝဲကယက် ကိုဖြစ်ပေါ်စေသော အကြောင်းအရင်း ဖြစ်သည်ဟု သိပ္ပံပညာရှင်များ
ကပြောကြားခဲ့သည်။

အနောက်ဥရောပ တက္ကသိုလ်များမှ ကျောင်းသားအများစု၏ ထင်မြင်ချက်မှာမူ ၄င်းဖန်သားပိရမစ်သည် ကမ္ဘာ အပေါ်ယံ မျက်နှာပြင် တွန့်ခေါက်မှု (သို့) ငလျှင်ကြောင့် တွန့်တတ်လာသော မြေသားအစုသာဖြစ်ကြောင်း ထင်မြင်ချက်များပေးခဲ့ကြသည်။

သိပ္ပံပညာရှင်များကမူ ၄င်းသည် ရှေးနှစ်ပေါင်းများစွာက အတ္တလန္တိတ်မြိုတော်၌ နေထိုင်ခဲ့ကြသည့် ရှေးလူသားများ၏ကျောက်ဆစ် လက်ရာတစ်ခုဖြစ်သည်ဟု ခန့်မှန်းခဲ့ကြသည်။

ရေအောက်မြုတ်သွားခဲ့သည့် အတ္တလန္တိတ် မြို့တော်၏ အပိုင်းအစ တစ်ခုဖြစ်မည်ဟု ခန့်မှန်းခဲ့ကြသည်။ ထိုအပြင် ၄င်းဖန်သားပိရမစ်သည် 2004ခုနှစ် ဝါရှင်တန်၌ ရှာဖွေတွေ့ရှိခဲ့သည့် ရေလူသား(aquatic ape) နှင့်ပတ်သတ်၍ ဆက်နွယ်မှုများရှိနိုင်သည်ဟု ခန့်မှန်းပြောကြားခဲ့ကြသည်။

၎င်း ဖန်သားပိရမစ်နှင့်ပတ်သတ်ပြီး မသင်္ကာမှုများ မေးခွန်းများ အမြောက်အများပေါ်ပေါက်ခဲ့ပါသည်။

ဘာမြူဒါတြိဂံဒေသအတွင်းဖြစ်ပေါ်နေသော ဆွဲအားများသည် ၄င်း ပိရမစ်နှင့်သက်ဆိုင်မှုရှိရမည်။

energy စက်ကွင်း (သို့)လေဟာနယ်အစုအဝေးတစ်ခုကဲ့သိုဖြစ်နေပြီးနေပြီး black hole ကဲ့သို့ အတ္တလန္တိတ် သမုဒ္ဓရာအတွင်းရှိ power plant ပုံစံလည်းဖြစ်ကောင်းဖြစ်နိုင်သည်။

သို့တည်းမဟုတ် ၄င်းသည် စကြာဝဠာ၏ ဆွဲငင်အားနှင့် သံလိုက်စက်ကွင်း
တို့ကို ဆွဲငင်စုစည်းထားပြီး teleport ကဲ့သို့ နေရာတစ်ခုဖြစ်ပေါ်နေခြင်းလည်း
ဖြစ်နိုင်သည်။

၎င်း ပုံသဏ္ဍန်နှင့်ပတ်သတ်၍လည်း လူသားတို့လက်ရာ ဟုတ်မဟုတ် အငြင်းအခုံများ ဖြစ်နေဆဲဖြစ်သည်။ အီဂျစ်တို့၏ပိရမစ် နှင့်ဆင်တူနေခြင်းက ဤမေးခွန်းပေါင်းများစွာကို ဖြစ်ပေါ်စေပါသည်။

မည်သို့သော မေးခွန်းတွေ ထွက်ပေါ်စေကာမှု သိပ္ပံပညာရှင်များက ဤမေးခွန်းပေါင်းများစွာကို အကောင်းဆုံးဖြေရှင်းနိုင်ရန်အတွက် ကြိုးစားလျက်ရှိပါသည်။

ဒါသည်ပင်လျှင် သိပ္ပံပညာရှင်များ၏ အလုပ်မဟုတ်ပေလော။ ။

Ref: Pyramids of Glass Found in the Bermuda Triangle
Thet N@ung(Discoveries Myanmar)
2mztaunggyiNews&mobileservices

နေဖြစ်ပေါ်တည်ရှိနေရခြင်းအကြောင်းရင်း

နေဖြစ်ပေါ်တည်ရှိနေရခြင်းအကြောင်းရင်း
Friday, January 2, 2009

နေသည် ကိုယ်ပိုင်ဖြစ်ပေါ်တည်ရှိနေသော အရာမဟုတ်။နေသည် ကြယ်များ၏ စွမ်းအင်ရိုက်ခတ်မှု ကြောင့် ဖြစ်ပေါ်တည်ရှိလာရခြင်းသာဖြစ်ပေသည်။
များပြားသောကြယ်များသည် ဘဲဥပုံအ၀န်းလမ်းကြောင်းတွင် ကိုယ်ပိုင်လမ်း ကြောင်းများဖြင့် ရွေ.လျား လည်ပတ်နေကြသည်။၎င်းတို.သည်အလယ်ဗဟိုနှင့်အကွာအဝေးမတူကြသော်လည်း လည် ပတ်မှု တစ်ပတ်ပြည့်ရန်အချိန်မှာ ကမ္ဘာနှင့်တူညီကြသည်ကများသည်။ထိုကဲ့သို. အချင်းဝက် အကွာအဝေးမတူပဲ တပတ်ပြည့်ရန် အချိန်တူညီခြင်းကြောင့်ဗဟိုရ်ချက်နှင့်ဝေးလေ ရေ.ွ လျားမှုနှုန်းမြန်လေဖြစ်သည်။
ကမ္ဘာသည်လည်း သူ၏ ၀င်ရိုးပေါ်တွင်လည်ပတ်ရင်း ဘဲဥပုံပတ်လမ်းအတိုင်းကိုယ်ပိုင် လမ်းကြောင်း တစ်ခု ဖြင့် လည်ပတ်နေသည်။၎င်း၏ ၀င်ရိုးစွန်းနှစ်ဖက်မှာ သံလိုက်စက်ကွင်းများ စဉ်မပြတ်ထုတ်လွှတ်လျှက် ရှိ သည်။
ကြယ်များသည်လည်း ၄င်းတို. ၀င်၇ိုးစွန်းနှစ်ဖက် စီမှ သံလိုက်စက်ကွင်းများအစဉ်မပြတ်ထုတ်လွှတ် ကြသည်။ကမ္ဘာပတ်သောလမ်းကြောင်းနှင့် လားရာတူရွေ့လျားလည်ပတ်နေကြသည်။ဗဟိုရ်ချက် ကမ္ဘာထက် ဝေးကွာလွန်းသောကြယ်များ၏အသွားနှုန်းသည်ကမ္ဘာ့အကွာအဝေးနှင့်တိုက်ရိုက် ချိုးကျသကဲ့သို. ထုတ်လွှတ် သော စွမ်းအင်ပမာဏ မှာလည်း တိုက်၇ိုက်အချိုးကျသည်။ထို.အတူအရွယ်ပမာဏကြီးမားသောကြောင့်စွမ်းအင် မြင့်မား မှုမှာလည်းကမ္ဘာ.အရွယ်အစားနှင့်တိုက်ရိုက်အချိုးကျပင်ဖြစ်သည်။
ဝင်၇ိုးစွန်းနှစ်ဖက်မှထွက်လာသော သံလိုက်စက်ကွင်း တို.၏သံလိုက်စီးကြောင်းသည် အီလက် ထ ရွန် စီးကြောင်းများဖြစ်သည်။ဝင်၇ိုးစွန်းတစ်ဖက်မှ ထွက်လာသော အီလက်ထရွန် စီးကြောင်းနှင့် ကျန်တဖက် မှထွက် လာသောဆန့်ကျင်အီလက်ထရွန် စီးကြောင်းတို. တွေ့ဆုံရာတွင် တစ်ခုကိုတစ်ခုချေဖျက်ခြင်းကြောင့် အပူနှင့် အလင်း ထွက်ပေါ်လာသည်။တနည်းဆိုရသော် ထိုဖြစ်စဉ်သည် နယူကလီးယားပေါင်းစည်းခြင်း ပင်ဖြစ်သည်။
ထိုသို.တွေဆုံရာတွင် နည်းသောတွေ.ဆုံမှု၌ အပူနှင့်အလင်းထွက်ပေါ်မှုသည် မပြောပလောက်ပေ။
ပတ် လမ်းဘဲဥပုံ အ၀န်းပတ်လည်ရှိ ထောင်ပေါင်းများစွာသောကြယ်တို.၏၀င်၇ိုးစွန်းနှစ်ဖက်စီမှ ထုတ်လွှတ်နေသောသံလိုက်စက်ကွင်းများသည် အ၀န်း၏ အတွင်းတနေရာ၌ စုပေါင်းတွေ.ဆုံကြရာတွင် များပြားသော နယူကလီးယားပေါင်းဆုံခြင်းဖြစ်ပေါ်နေပေသည်။ထိုသို.ပေါင်းစည်းခြင်းကြောင့် ထွက်ပေါ် လာ သောအပူပမာဏသည် ဒီဂရီ စင်တီဂရိတ် သန်းနှင့်ချီ၍ ရှိသည်။အလင်း၏ပမာဏသည်လည်း မိုင်ပေါင်းသန်း ရာနှင့်ချီ ၍ ပျံ.နှံ.ရောက်ရှိပေသည်။ကြယ်များစဉ်ဆက်မပြတ် လည်ပတ်နေခြင်းကြောင့် နယူကလီးယားပေါင်း စည်းမှုသည်လည်း စဉ်ဆက် မပြတ်ဖြစ်ပေါ်နေပေသည်။ထို.ကြောင့် အပူနှင့်အလင်းသည်လည်း စဉ်ဆက်မ ပြတ်ထွက်ပေါ်နေပေသည်။
ထိုသို. အပူနှင့်အလင်း စဉ်ဆက်မပြတ် ထွက်ပေါ်နေသောအရာကို နေဟုခေါ်ဆိုကြခြင်းဖြစ်ပေသည်။

cosmogony at 11:23 PM

အာကာသအတွင်း က ကျောက်တုံး ကြီး အတ္တလန်တစ် သမုဒ္ဒရာအတွင်း ကျခဲ့ကြောင်း သပ္ပံပညာရှင်များ ထုတ်ပြန်

အာကာသအတွင်း က ကျောက်တုံး ကြီး အတ္တလန်တစ် သမုဒ္ဒရာအတွင်း ကျခဲ့ကြောင်း သပ္ပံပညာရှင်များ ထုတ်ပြန်

MP4 YOU   7:26 PM   SCIENCE & TECHNOLOGY

ယခုလဆန်း on 6 February.း13:55 GMT ဖေဖေါ်ဝါရီလ (၆)ရက်နေက
ဘရာဇီးနိုင်ငံ ပင်လယ်ကမ်းခြေနဲ့  ကီလိုမီတာ ၁၀၀၀ အကွားအဝေးမှာရှိတဲ့
အတ္တလန်တစ် သမုဒ္ဒရာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တဲ့ (ဥက္ကာပျံ) အာကာသတွင်းမှ ကြီးမားတဲ့ ကျောက်တုံးဟာ မြေပြင်ပေါ် ကျခဲ့မယ် ဆိုရင် TNT အလေးချိန် ၁၃၀၀၀ပေါက်ကွဲအားနဲ့  ညီကြောင်း BBC သိပ္ပံဆိုင်ရာ သုတေသီ Paul Rinconပါလ် ရင်ကွန် က ထုတ်ဖေါ်ပြောခဲ့ပါတယ်။
http://www.bbc.com/news/science-environment-35645854
သမုဒ္ဒရာအတွင်း ကို ကျသွားခဲ့လို့  ဒေသတွင်းမှာ လှိုင်းတွေဒီရေတွေ တက်ခဲ့ပါတယ်၊ယခု ဥက္ကပျံ ကျရောက်မှုဟာ ၂၀၁၃ ခုနှစ် ရုရှ နိုင်ငံပေါ် ကျခဲ့တဲ့
ဥက္ကပျံ ပြီးရင် ဒုတိယ အကြီးမားဆုံး ဖြစ်ပါတယ်။
နိုင်ငံတကာအခေါ်Fire ball ကောင်းကင်မှကျလာသည့် မီးလုံးကြီး၊
asteroid ဥက္ကာပျံ။
Space objects အာကာသတွင်း လွှင့်မျှောနေသည့် ဂြိုလ်တု စိတ်အပိုင်းများ။
Space rock အာကာသတွင်းမှ ကျောက်တုံးကြီး။
အမျိုးမျိုးခေါ်ဆိုနေကြရာမှာ ယခု ကြွေကျလာတဲ့ ဥက္ကာပျံ ကိုတော့ သိပ္ပံပညာရှင်တွေက အာကာသတွင်းမှ ကြီးမားတဲ့ ကျောက်တုံး လို့  သုံးသွားတာ တွေ့ ရပါတယ်။
Social Action for Women - SAW
၂၇-၂-၂၀၁

မိန်းမတို့ မှဲ့ အဟော ........................ 7:00 PM  KO PAE LAY

မိန်းမတို့ မှဲ့ အဟော ........................
7:00 PM  KO PAE LAY  NO COMMENTS

Posted by: Ko Myo on Monday, June 30, 2014 Categories: ဖတ်စရာ၊ မှတ်စရာ

(၁) နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်းတလုံးတည်း ရှိလျှင် ဂုဏ်ဓနနှင့် ကျော်စောသော လင်ယောက်ျားကို ရတတ်သည်။ အိမ်ထောင်ဆက် များတတ်သည်။ သားယောက်ျားများ ထွန်းကားသည့် မိခင် ဖြစ်ပါလိမ့်မည်။

(၂) ညာဘက်နားထင် မျက်ခုံး၏ အနီးအနား ပတ်ဝန်းကျင်တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီး သော် ချမ်းသာတတ်ပါသည်။ အိုဇာတာ ကံကောင်းမည်။ မိမိသြဇာကို နာခံမည့် လင်ယောက်ျားအား ရတတ်သည်။ အလုပ်အကိုင် မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည်။ သားယောက်ျားမွေးပြီး အကျိုးပေးတတ်သည်။

(၃) အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတဝိုက်တွင် မှဲ့ရှိလျှင် မိမိကို ချစ်မြတ်နိုးသော ယောက်ျားများ ပေါများတတ်သည်။ ယောက်ျားများ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည်။ မိမိ ကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးတတ်သည်။ အစားအသောက် ကောင်း များကို အထူးကြိုက်နှစ်သက် သူဖြစ်သည်။

(၄) ဘယ်ဘက်ပါးပြင်မို့တွင် မှဲ့ရှိလျှင် စိတ်နု၍ အညှာလွယ် တတ်ပါသည် တဖက်သားပြောလာသည့် စကားကိုမစဉ်းစားဘဲ အယုံလွယ် တတ်ပါသည်။ ယောက်ျားများ၏ စိတ်ဝင်စားခြင်း၊ အရေးပေခြင်းကို ခံရတတ်သည်။

၅) ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလျှင် လူချစ်လူခင်များတတ်သည်။ စန်းအလွန်ပွင့်တတ်သည်။လင်ယောကျာ်းအပေါ် သစ္စာရှိတတ်သည်။ အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည်။ကံကောင်းသူ ဖြစ်တတ်ပါသည်။

(၆) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြွယ်ဝတတ်ပါသည်။

(၇) ဘယ် ညာ လက်မောင်း (သို့) ဘယ်လက်ဖျံ ညာလက်ဖျံတွင် မှဲ့ရှိလျှင် ပင်ပင်ပန်းပန်း လုပ်ကိုင်စား သောက်ခြင်း မပြုရဘဲ အေးအေးချမ်းချမ်းနှင့် နေထိုင်ရတတ်ပါသည်။

(၈) ညာဘက်သားမြတ် (သို့) ဘယ်ဘက်သားမြတ်ပေါ်တွင် မှဲ့တလုံးထက်ပိုပြီး များစွာရှိလျှင် ငယ်စဉ်က မိဘတို့၏ စွန့်ပစ်ခြင်းကို ခံရတတ်သည်။ ပစ္စည်းချမ်းသာသော်လည်း စိတ်မချမ်းသာ ဖြစ်ရတတ်သည်။လောဘရမ္မက် ကြီးတတ်သည်။ မုဆိုးမ ဖြစ်တတ်ပါသည်။ ကံဆိုးတတ်ပါသည်။

(၉) ရင်၏ အလယ်ဗဟို တည့်တည့်တွင် မှဲ့ရှိလျှင် ပစ္စည်းဥစ္စာ ပြည့်စုံတတ်ပါသည်။ မိမိအပေါ် အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောက်ျားကို ရတတ်သည်။ သားကောင်း သမီးကောင်း ထွန်းကားတတ်သည်။

(၁၀) မှဲ့စလွယ် ပါရှိလျှင် ငယ်စဉ်က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝလာတတ်သည်။ ကတော်မယား ဖြစ် တတ်ပါသည်။ လူသိများပြီး ထင်ရှားကျော်ကြားသော လင်ယောကျာ်းကို ရတတ်ပါသည်။ မည်မျှဆိုးသွမ်း သော ယောကျာ်ား ဖြစ်စေကာမူ မိမိ၏သြဇာကို နာခံမည့်လင်ယောကျာ်းနှင့် ပေါင်းဖက် နိုင်ပေတော့သ တည်း။
မြန်မာ့ရိုးရာဗေဒင်ပညာရပ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)