ပီရူးနိုင်ငံမှ အင်ကာမြို့ဟောင်း မာချူပီချူး
Machu Picchu: Peru
၁၅ ရာစုတွင် ထိုရှေးဟောင်း Machu Picchu (“old mountain”) မြို့ကို ပင်လယ်ရေမျက်နှာပြင်
အထက် ပေ ၇၉၇၀ မြင့်သော တောင်ပေါ်တွင် တည်ဆောက်ခဲ့ပါသည်။ယခုအခါ
ပီရူး နိုင်ငံတွင် တည်ရှိပါသည်။ အင်ကာ လူမျိုးစုများ၏ အင်ပါယာမြို့တော်ဖြစ်ပါသည်။
ရှေးဟောင်းသုတေသီ သမိုင်းပညာရှင် အများစုကတော့
ထိုမြို့တော်ကို အင်ကာ အင်ပါယာဘုရင် Pachacuti (1438–1472) မှ တည်ဆောက်ခဲ့သည်ဟု
ယုံကြည်ကြပါသည်။ စပိန်လူမျိုးများ၏ ၀င်ရောက်ကျူးကျော် တိုက်ခိုက်ခြင်းကို ခံယူရပြီးနောက်
ပျက်စီးပျောက်ကွယ်ခဲ့ရပြီး နောင်နှစ်ပေါင်း ၃၀၀ လောက်အထိ ပျောက်ဆုံးနေသော
ဒဏ္ဍာရီမြို့အဖြစ် ကျော်ကြားခဲ့ပါသည်။ ၁၉၁၁ ခုနှစ်တွင် Hiram Bingham မှ ပြန်လည်ရှာဖွေ
ဖော်ထုတ်ခဲ့ပါသည်။ ၁၉၈၃ တွင် ယူနက်စကို၏ ကမ္ဘာယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်
ဒေသ အဖြစ်သက်မှတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းလုံး အင်တာနက်မဲပေး
ရွေးချယ်မှုကြောင့် ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် (၇) ခု စာရင်းဝင် ဖြစ်လာပါသည်။
နေခရမ်းမှ-
No comments:
Post a Comment