Friday, November 18, 2016

ကတူး (ပါကစ္စတန်)

ကတူး (ပါကစ္စတန်)
၃။ ကေတူး (ပါကစ္စတန်)
K2, border of Pakistan and China (28,251 ft.)
ကေတူးတောင်ဟာ ပါကစ္စတန်နိုင်ငံမှာ အမြင့်မားဆုံး ဖြစ်ပြီး ကမ္ဘာပေါ်မှာ နောက်ထပ် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး တောင်တစ်လုံးလည်း ဖြစ်ပါတယ်။ အမြင့် ၂၈၂၅၁ ပေ ရှိပါတယ်။ ရုတ်တရက် ပြောင်းလဲ တတ်တဲ့ ရာသီဥတု၊ အဆိုးရွားဆုံး နှင်းကျတဲ့ အခြေအနေတွေနဲ့ ပြင်းထန်တဲ့ မုန်တိုင်းတွေ ကြုံတွေ့ရ နိုင်ပါတယ်။ ဒါကြောင့်လည်း ကေတူးတောင်ဟာ တောင်တက်သမားတွေ အတွက် အန္တရာယ်ရှိပြီး စိန်ခေါ်မှု ပြင်းထန်တဲ့ တောင်တစ်လုံးလို့ ဆိုရမှာပါ။ သေဆုံးမှုနှုန်း ၂၃ ဒသမ ၂ ရာခိုင်နှုန်း ရှိပြီး ဒီတောင်ကို  တက်ရောက်တဲ့ လူလေးဦးမှာ တစ်ဦး သေဆုံးတယ်လို့ အဓိပ္ပာယ် သက်ရောက်ပါတယ်

No comments:

Post a Comment